ကိုယ် တွေ့ကြုံဖူးခဲ့တဲ့ မှတ်တမ်း
မနက်စောစော အလင်းရောင်က စာရေးသူရဲ့
စိတ်ကူးနေတဲ့ အာရုံပေါ်ကို ခစားဝင်ရောက်လျက်... ဟိုတနေ့က နိုင်ငံခြားနေရတဲ့
အတွေ့အကြုံ တစ်ခု ရလိုက်ပါတယ်။ အဲဒါနဲ့ စာရေးသူ အနေဖြင့် ကိုလံဘိုမြို့က
အတွေ့အကြုံလေးကို တင်ပြချင်ပါတယ်။
အဲဒါက ဘာလဲဆိုတော့ ပတ်စ်ပို့စာအုပ် အသစ်လုပ်ရင်
ငါးနှစ် သက်တမ်းရပြီဆိုတာနဲ့ ပတ်စ်ပို့ အဟောင်းလေးကနေ
အသစ်ပြောင်းဖို့အတွက် သက်ဆိုင်ရာ ကျောင်း နာယကတွေဆီက လိုအပ်တဲ့ စာရွက်စာတမ်းတွေ
တောင်းပြီး ဖြည့်သင့်တဲ့ စာများကို ဖြည့်စွက်ကာ စာရေးသူတို့ နေသော နေရာနှင့်
သိပ်မဝေးသော မြန်မာသံရုံးကို တက္ကစီ ကားလေးဖြင့် ရောက်ခဲ့ပါတယ်။
စာရေးသူလည်း မြန်မာသံရုံးကိုရောက်ပြီး သံရုံးဧည့်ခန်းမှာ ခေတ္တ ထိုင်နေကာ ပတ်စ်ပို့ အသစ်လာလုပ်ကြောင်း အကြောင်းကြားလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က ပတ်စ်ပို့ပုံမှန်လဲတဲ့ လူတွေကို အမြဲလုပ်ပေးနေကြ ၀န်ထမ်း အန်တီကြီး ခွင့်ယူထားတာ သိရပါတယ်။

ဒါပေမဲ့ ကောင်တာမှာရှိတဲ့ ဒေသခန့်ဝန်ထမ်းရဲ့
အကြောင်းကြားပေးမှုကြောင့် မြန်မာသံရုံးကို ရောက်ပြီး သိပ်မကြာခင်မှာပဲ စာရေးသူ
ထိုင်နေသော ဧည့်ခန်းဘက်သို့ အရပ် ရှည်ရှည်နှင့် လူလတ်ပိုင်း ဒါကာမကြီး တစ်ယောက်
ခြေလှမ်း ကြဲကြဲနှင့် သွတ်လက်စွာ ရောက်ရှိလာပါတယ်။ ဒါကာမကြီးက သံရုံး
ရိုးရိုးဝန်ထမ်း တစ်ဦးလို့ စာရေးသူ အနေနဲ့ ထင်မိပါတယ်။ ဒါပေမဲ့ စာရေးသူ ထင်တဲ့
ရိုးရိုး ဝန်ထမ်း မဟုတ်ပါ။
စာရေးသူ အနေနဲ့ ပတ်စ်ပို့ အဟောင်းမှ
အသစ် ပြောင်းရန်အတွက် အတွေ့အကြုံကလည်း မရှိတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဖြစ်မိပါတယ်။
ဒါနဲ့ စာရေးသူလည်း ပတ်စ်ပို့ နှင့် လိုအပ်သည့် စာရွက်စာတမ်းများကို ခုနက
ရောက်လာသော ဒါကာမကြီးအား အကူညီတောင်းပြီး စာရေးသူက ပတ်စ်ပို့နှင့်
ဖိုင်စာရွက်လေးများ လှမ်းပေးလိုက်ပြီး လိုအပ်တာလေးများ ပြောပေးပါဦးလို့
ပြောလိုက်ပါတယ်။ ဒါကာမကြီးက ပတ်စ်ပို့နှင့် ဖြည့်စွက်ပြီး စာဖိုင်များကို
သေသေချာချာ ကြည့်ပြီး စာရေးသူကို လိုအပ်တာတွေကို အသေးစိတ်အားဖြင့်
ရှင်းပြပေးပါတယ်။ စာရေးသူလည်း ဒါကာမကြီး ရှင်းပြချက်တွေကို သေချာနားထောင်နေပြီး
လိုအပ်တာလေးများထပ်မံဖြည့်စွက်ရန် မှတ်သားလိုက်ပါတယ်..။
အချိန်အားဖြင့် နာရီဝက် ဝန်းကျင်လောက်ကြာအောင် ရှင်းပြပြီးနောက် စာရေးသူလည်း လိုအပ်သည့် အချက်အလက် များနှင့် စာများကို ထပ်မံဖြည့်စွက်လိုက်ပါသည်။ လိုအပ်သည်များထပ်မံဖြည့်စွက်ပြီးသောအခါ ပတ်စ်ပို့နှင့် ဆိုင်ရာ စာရွက်စာတမ်းများအား သေသေချာချာ ရှင်းပြပေးသော ဒါကာမကြီးထံ ပေးအပ်လိုက်ပါသည်။

ထို့အပြင် မပင်မပန်း ရှင်းပြနေသော သံရုံးက အမည်မသိ ဒါကာမကြီးကိုလည်း
ကျေးဇူး အထူးတင်ပါကြောင်း ပြောကြားလိုက်တော့ ပြုံးရွှင်စွာဖြင့် ပြန်ပြီးပြောပါတယ်။
ပြီးတော့ သံရုံး ဝန်ထမ်း ဒါကာမကြီးကလည်း စာရေးသူ၏ ပတ်စ်ပို့နှင့် စာရွက်စာတမ်း
ဖိုင်များကို ယူကာ ဧည့်ခန်းမမှ ပြန်လည်ထွက်ခွာသွားပါတယ်။
ခေတ္တအားဖြင့် စာရေးသူလည်း ဧည့်ခန်းထဲမှာ ဆက်လက်ထိုင်နေပါသည်။ တစ်ဆယ့်ငါးမိနစ်လောက် အကြာမှာ ခုနက ဒါကာမကြီး ဧည့်ခန်းထဲသို့ ပြန်လည်ရောက်လာပါတယ်။ ဒါနဲ့ စာရေးသူလည်း ပတ်စ်ပို့ ကိစ္စနှင့်ပတ်သက်ပြီး အခြားလိုအပ်ချက်များ ရှိ-မရှိ ထပ်မံ မေးနေမိပြန်ပါတယ်။ အဲဒီ ဒါကာမကြီးက အကုန်လုံး ရပါပြီ ...လို့ စာရေးသူကို ပြန်ပြောပါတယ်။ စာရေးသူလည်း အားရဝမ်းသာ စကားများနှင့် နှုတ်ဆက် စကားပြောကြားပြီး မြန်မာ့သံရုံးမှ ပြန်လည် ထွက်ခွာခဲ့ပါသည်။
လမ်းခုလပ် ကားပေါ်မှာ.. သံတမန် ဝန်ထမ်းဆိုတာ တကယ့် စေတနာ ထားပြီး
လုပ်ကိုင် ဆောင်ရွက်ပေးတဲ့ လူတွေပါလား လို့ စာရေးသူ စဉ်းစားမိပါတယ်။ ဒါဟာ
ကိုယ့်တွေ့ ကြုံတွေ့လို့ ပြောမိတဲ့ စကားပါ။ တဖက်သက် နင်းပြီး ပြောတဲ့ စကားတော့
မဟုတ်ပါဘူး။ စာရေးသူအနေနဲ့ စေတနာ့ ဝန်ထမ်း ဆိုတာလေး ပေါ်လွင်စေချင်ပါတယ်။ တကယ်လည်း
လုပ်ဆောင်ပေးခဲ့တယ်။ ထို့အတွက်လည်း ကိုလံဘို မြန်မာ့သံရုံးက လိုအပ်သည် များကို
အသေးစိတ် စိတ်ရှည်ရှည် ပြောပြပေးတဲ့ သံရုံး ဝန်ထမ်း ဒါကာမကြီးကို
အထူးကျေးဇူးတင်လို့ မဆုံးအောင် ဖြစ်မိသည့် အကြောင်း တစ်လမ်းလုံး စဉ်းစားရင်း
အဆောင်သို့ ပြန်ရောက်ခဲ့ပါသည်။
နောက်နှစ်ရက် နေ့လည်ခင်းတွင် စာရေးသူသည် ကျောင်းကိစ္စနှင့် ကိုယ် လုပ်စရာရှိတာ လုပ်ကိုင်ပြီး တနေ့က တင်ထားခဲ့သော ပတ်စ်ပို့ ယူရန် တက္ကစီ ကားလေးကို ငှား၍ မြန်မာသံရုံး ရှိရာသို့ သွားရောက်ခဲ့ပြန်သည်။ တနေ့က တွေ့ခဲ့သည့် သံရုံး ဝန်ထမ်း ဒါကာမကြီးနှင့် စာရေးသူတို့ နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံခြင်း ဖြစ်ပါသည်။ ထိုအချိန်မှာ စကားမစပ် စာရေးသူက အားကိုးတကြီး ဝန်ထမ်း ဒါကာမကြီးအား လှမ်းမေးလိုက်ပါတယ်။

ဒါကာမကြီးရေ... တနေ့က ဘုန်းကြီး
တင်ထားခဲ့တဲ့ ပတ်စ်ပို့ စာအုပ်နှင့် ပတ်သက်ပြီးတော့ ဒီနေ့ ရနိုင်ပြီလား လို့
မေးလိုက်ပါတယ်။ သံရုံး ဝန်ထမ်းဖြစ်သူက ဒီနေ့ ပတ်စ်ပို့ သက်တမ်း ငါးနှစ်ရှိတဲ့
စာအုပ်အသစ် ရနိုင်ပါပြီ။ ခဏနေရင် လက်ဗွေနှိပ်ဖို့ ခေါ်ပေးပါမယ် လို့ ပြန်လည်
ဖြေကြားပေး ခဲ့ပါတယ်။ စာရေးသူလည်း သံရုံး ဧည့်ခန်းထဲမှာ ထိုင်ရင်း စားပွဲပေါ်က
သတင်းစာစောင်လေး ကောက်ယူကာ ဖတ်နေလိုက်သည်။
ဆယ်မိနစ်လောက်အကြာမှာ စာရေးသူ ပတ်စ်ပို့ စာအုပ်အတွက် လက်ဗွေနှိပ်ဖို့ရန်
ဝန်ထမ်းတစ်ဦးက ခေါ်ဆောင် သွားပါတယ်။ စာရေးသူလည်း ဧည့်ခန်းမှ ထ၍ ဝန်ထမ်း
ခေါ်ဆောင်ရာသို့ လိုက်ပါသွားခဲ့ပါသည်။ ဝန်ထမ်းဖြစ်သူက စာရေးသူကို ဒီနေရာမှာ
လက်ဗွေနှိပ်ပေးပါ လို့ ပြောပေးပါတယ်။ ပြီးတော့ စာရေးသူ စိတ်တိုင်းကျ sign ထိုးရန်
ညွန်ပြပေးပါတယ်။ ဒါနဲ့ စာရေးသူလည်း စိတ်တိုင်းကျ sign ကို ရေးလိုက် ဖျက်လိုက်နဲ့
အကြိမ်ကြိမ်ရေးဆွဲလည်း စိတ်တိုင်းမကျ ဖြစ်နေမိတယ်။
စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးသူက
ဝန်ထမ်း၊ အချိန်ဆွဲသူက စာရေးသူ ဖြစ်နေသလို ဖြစ်နေပါတယ်။ နောက်ဆုံး ငါးကြိမ်မြောက်
sign ထိုးပုံစံကို စိတ်တိုင်းဖြစ်တော့ ဝန်ထမ်းဖြစ်သူကို စာရေးသူက ရပါပြီ လို့
ပြောလိုက်ပါတယ်။ ဝန်ထမ်းဖြစ်သူကလည်း စိတ်တိုင်းကျပြီလား လို့ ပြန်ပြောပေးတော့
စာရေးသူက ရပါပြီးလို့ ပြောလိုက်ပါတယ်။ ဝန်ထမ်းဖြစ်သူက စာရေးသူ စိတ်တိုင်းကျ
ဖြစ်ပြီးသော လက်မှတ်ကို ယူ၍ ဆက်လက် ပတ်စ်ပို့ကို လုပ်ဆောင်နေပါတယ်။ ဝန်ထမ်းက
အကုန်လုံး ရပါပြီ... အပြင်မှာ ခဏလေး စောင့်ပေးပါလို့ ပြောပေးပါတယ်။ စာရေးသူလည်း
အခန်းထဲမှ ထွက်ခွာ၍ ဧည့်ခန်းထဲသို့ ပြန်ဝင်လာခဲ့ပါတယ်။ ဧည့်ခန်းထဲမှာ စာရေးသူ
ထိုင်စောင့်ရင်း သတင်းစာစောင်ကို ဟိုကြည့် ဒီကြည့်နှင့် ဟိုစာ ဒီစာ
သတင်းစာလေးတွေကို ကောက်ဖတ်နေမိပါတယ်။
သိပ်မကြာခင်မှာ စာအုပ် ဖိုင်တစ်ခုနဲ့ စေတနာ အပြည့် လုပ်ပေးတဲ့ ဝန်ထမ်းဖြစ်သူ ရောက်လာပါတယ်။ ဒါနဲ့ စာရေးသူလည်း ဝန်ထမ်းဖြစ်သူ ပေးသော ပတ်စ်ပို့ စာအုပ်လေးကို လှမ်းယူကာ ဝမ်းသာအားရ သေသေချာချာ ကြည့်လိုက်သည်။ မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ စေတနာပါပါ လုပ်ကိုင်ပေးသော သံရုံး ဝန်ထမ်းများကို ကျေးဇူးတင်သော မျက်စိဖြင့် စာရေးသူ လှမ်းကြည့်ပြီး စိတ်ရော ကိုယ်ပါ မကျန် သေချာဆောင်ရွက်ပေးသည့် ဝန်ထမ်းများကြားမှ ပတ်စ်ပို့အသစ်လဲလှယ်မှုအတွက် အစ အဆုံး ရှင်းလင်းဆောင်ရွက်ပေးသည့် လူလတ်ပိုင်း ထောင်ထောင် မောင်းမောင်း ဒါကာမကြီးနှင့် ၀န်ထမ်းအား.... စာရေးသူအနေဖြင့် နာမည်မသိသော် ကျေးဇူး အထူးတင်ပါသည် ဟု ပြောကြားလိုက်ပြီး ဝန်ထမ်းဖြစ်သူများရဲ့ အမည်ကိုမေးမြန်းမိပါတယ်။ သံရုံးဝန်ထမ်းဖြစ်သူများက အမည်နာမများဖြေကြားပြီး ၄င်းတို့အနေနဲ့ ဒီကို လာရောက် ကျောင်းတက်နေကြတဲ့ မြန်မာပြည်က ကျောင်းသားသံဃာတွေ အားလုံးကို စေတနာ အပြည့် လုပ်ပေးပါတယ်လို့ ပြောပြန်တော့ စာရေးသူလည်း ပို၍ ဝမ်းသာ ပီတိ ဖြစ်မိပါတယ် လို့ ပြောကြားလိုက်ပြီး ထို ဒါကာမကြီး ဒေါ်ခိုင်ဆုလင်းကို နှုတ်ဆက် စကားပြောကြားရင်း သံရုံးမှ စာရေးသူ ပြန်လာခဲ့ပါတယ်။

တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment