Buddhist World For All Being to be warmly welcome Here, Gift Men Seize Time And Work As Their Opportunity, They made Them Great And Crown

Tuesday, December 25, 2012

ကိုယ် တွေ့ကြုံဖူးတဲ့ မှတ်တမ်း


 

ကိုယ် တွေ့ကြုံဖူးခဲ့တဲ့ မှတ်တမ်း


မနက်စောစော အလင်းရောင်က စာရေးသူရဲ့ စိတ်ကူးနေတဲ့ အာရုံပေါ်ကို ခစားဝင်ရောက်လျက်... ဟိုတနေ့က နိုင်ငံခြားနေရတဲ့ အတွေ့အကြုံ တစ်ခု ရလိုက်ပါတယ်။ အဲဒါနဲ့ စာရေးသူ အနေဖြင့် ကိုလံဘိုမြို့က အတွေ့အကြုံလေးကို တင်ပြချင်ပါတယ်။ 

အဲဒါက ဘာလဲဆိုတော့ ပတ်စ်ပို့စာအုပ် အသစ်လုပ်ရင် ငါးနှစ် သက်တမ်းရပြီဆိုတာနဲ့ ပတ်စ်ပို့ အဟောင်းလေးကနေ အသစ်ပြောင်းဖို့အတွက် သက်ဆိုင်ရာ ကျောင်း နာယကတွေဆီက လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းပြီး ဖြည့်သင့်တဲ့ စာများကို ဖြည့်စွက်ကာ စာရေးသူတို့ နေသော နေရာနှင့် သိပ်မဝေးသော မြန်မာသံရုံးကို တက္ကစီ ကားလေးဖြင့် ရောက်ခဲ့ပါတယ်။

စာရေးသူလည်း မြန်မာသံရုံးကိုရောက်ပြီး သံရုံးဧည့်ခန်းမှာ  ခေတ္တ ထိုင်နေကာ ပတ်စ်ပို့ အသစ်လာလုပ်ကြောင်း အကြောင်းကြားလိုက်ပါတယ်။  ဖြစ်ချင်တော့ အဲဒီနေ့က ပတ်စ်ပို့ပုံမှန်လဲတဲ့ လူတွေကို အမြဲလုပ်ပေးနေကြ ၀န်ထမ်း အန်တီကြီး ခွင့်ယူထားတာ သိရပါတယ်။

ဒါပေမဲ့ ကောင်တာမှာရှိတဲ့ ဒေသခန့်ဝန်ထမ်းရဲ့ အကြောင်းကြားပေးမှုကြောင့် မြန်မာသံရုံးကို ရောက်ပြီး သိပ်မကြာခင်မှာပဲ စာရေးသူ ထိုင်နေသော ဧည့်ခန်းဘက်သို့ အရပ် ရှည်ရှည်နှင့် လူလတ်ပိုင်း ဒါကာမကြီး တစ်ယောက် ခြေလှမ်း ကြဲကြဲနှင့် သွတ်လက်စွာ ရောက်ရှိလာပါတယ်။ ဒါကာမကြီးက သံရုံး ရိုးရိုးဝန်ထမ်း တစ်ဦးလို့ စာရေးသူ အနေနဲ့ ထင်မိပါတယ်။ ဒါပေမဲ့ စာရေးသူ ထင်တဲ့ ရိုးရိုး ဝန်ထမ်း မဟုတ်ပါ။

စာရေးသူ အနေနဲ့ ပတ်စ်ပို့ အဟောင်းမှ အသစ် ပြောင်းရန်အတွက် အတွေ့အကြုံကလည်း မရှိတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဖြစ်မိပါတယ်။ ဒါနဲ့ စာရေးသူလည်း ပတ်စ်ပို့ နှင့် လိုအပ်သည့် စာရွက်စာတမ်းများကို  ခုနက ရောက်လာသော ဒါကာမကြီးအား အကူညီတောင်းပြီး စာရေးသူက ပတ်စ်ပို့နှင့် ဖိုင်စာရွက်လေးများ လှမ်းပေးလိုက်ပြီး လိုအပ်တာလေးများ ပြောပေးပါဦးလို့ ပြောလိုက်ပါတယ်။ ဒါကာမကြီးက ပတ်စ်ပို့နှင့် ဖြည့်စွက်ပြီး စာဖိုင်များကို သေသေချာချာ ကြည့်ပြီး စာရေးသူကို လိုအပ်တာတွေကို အသေးစိတ်အားဖြင့် ရှင်းပြပေးပါတယ်။ စာရေးသူလည်း ဒါကာမကြီး ရှင်းပြချက်တွေကို သေချာနားထောင်နေပြီး လိုအပ်တာလေးများထပ်မံဖြည့်စွက်ရန် မှတ်သားလိုက်ပါတယ်..။

အချိန်အားဖြင့် နာရီဝက် ဝန်းကျင်လောက်ကြာအောင် ရှင်းပြပြီးနောက် စာရေးသူလည်း လိုအပ်သည့် အချက်အလက် များနှင့် စာများကို ထပ်မံဖြည့်စွက်လိုက်ပါသည်။ လိုအပ်သည်များထပ်မံဖြည့်စွက်ပြီးသောအခါ ပတ်စ်ပို့နှင့် ဆိုင်ရာ စာရွက်စာတမ်းများအား သေသေချာချာ ရှင်းပြပေးသော ဒါကာမကြီးထံ ပေးအပ်လိုက်ပါသည်။ 
ထို့အပြင် မပင်မပန်း ရှင်းပြနေသော သံရုံးက အမည်မသိ ဒါကာမကြီးကိုလည်း ကျေးဇူး အထူးတင်ပါကြောင်း ပြောကြားလိုက်တော့ ပြုံးရွှင်စွာဖြင့် ပြန်ပြီးပြောပါတယ်။ ပြီးတော့ သံရုံး ဝန်ထမ်း ဒါကာမကြီးကလည်း စာရေးသူ၏ ပတ်စ်ပို့နှင့် စာရွက်စာတမ်း ဖိုင်များကို ယူကာ ဧည့်ခန်းမမှ ပြန်လည်ထွက်ခွာသွားပါတယ်။